Mahar
Mahar
  • မြန်မာဇာတ်ကားသစ် ဇာတ်ကားကောင်းများကို တစ်ကားကို ၁၅၀ကျပ်နဲ့ရွေးကြည့်မလား.. စိတ်ကြိုက်အဝကြည့်ဖို့ ၉၉ ကျပ်နဲ့နေ့စဉ်ကြည့်မလား၊ ၅၄၉ ကျပ်နဲ့အပတ်စဉ်ကြည့်မလား၊ ၁၉၉၉ ကျပ်နဲ့ လစဉ် အဝကြည့်မလား.. ကြိုက်တဲ့အစီအစဉ်ကို လွယ်ကူအဆင်ပြေစွာရွေးချယ်ကြည့်ရှု့နိုင်ပါတယ်။ဘယ်မှာမှ ကြည့်လို့ မရတဲ့ ဗီဒီယို ဇာတ်ကားသစ်တွေ၊ ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ ဇာတ်ကားကောင်းကြီးတွေကို လက်လွတ်မခံချင်ရင်တော့ မဟာမိုဘိုင်းအပလီကေးရှင်းကို သူငယ်ချင်းတို့ရဲ့ ဖုန်းထဲ ဒီကနေဒေါင်းပြီးထည့်သွင်းထားလိုက်ပါ။
    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ

  • Mahar
    199 Kyats Per Day
  • >မဟာမိုဘိုင်းလ်အက်ပလီကေးရှင်း

    မေးလေ့ရှိသော မေးခွန်းများနှင့်အဖြေများ

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) ဆိုတာ ဘယ်လိုအက်ပလီကေးရှင်း (Application) မျိုးလဲ။

    A.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) ဆိုသည်မှာ မြန်မာဇာတ်ကားများကိုအင်တာနက်ရှိရုံဖြင့် ဒေါင်းလုတ် သို့မဟုတ် တိုက်ရိုက် ကြည့်ရှုနိုင်သည့်အက်ပလီကေးရှင်း (Application) တစ်ခုဖြစ်ပါသည်။

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) ကိုကြည့်ရန်အတွက် ဘာတွေလိုအပ်ပါသလဲ။

    A.     Android Smartphone/Tablet တို့နှင့် Internet Service မြန်နှုန်းအသင့်အတင့်အနည်းဆုံး ၁၀၀ KB/s   ရှိရုံဖြင့် ကြည့်ရှုနိုင်ပါသည်။

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) မှာ ဘာတွေကြည့်ရှုနိုင်ပါသလဲ။

    A.     ထွက်ရှိပြီးသား မြန်မာဇာတ်ကားများစွာကို ကြည့်ရှုနိုင်မှာ ဖြစ်ပြီးအသစ်စက်စက် မြန်မာဗီဒီယိုဇာတ်ကားများကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) မှ မြန်မာဇာတ်ကားများကို ဘယ်လိုကြည့်ရှုရမှာလဲ။

    A.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) မှ ဇာတ်ကားများကြည့်ရန် ဖုန်းထဲသို့ ဇာတ်ကားဒေါင်းလုတ် သို့မဟုတ် တိုက်ရိုက်ကြည့်ရှူနိုင်ပါတယ်။

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) ကို မည်သည့်နေရာများတွင် download ရယူနိုင်ပါသလဲ။

    A.     Lotaya Portal တွင် download ပြုလုပ်နိုင်မှာဖြစ်သလို ( http://mh.lotayamm.com/ )

            Google play store တွင်လည်း mahar ဟုရိုက်ထည့်ကာ ရှာဖွေ ဒေါင်းယူနိုင်ပါသည်။

            (https://play.google.com/store/apps/details?id=com.abccontent.mahartv)

            (လက်ရှိတွင် Android ဖုန်းများအတွက် download ရယူနိုင်ပြီး iPhone (iOS) များအတွက် မကြာမီမှာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။)

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) က Android version ဘယ်လောက်နဲ့ကြည့်လို့ရတာလဲ။

    A.     Android Version 5.0အထက်ရှိသော မည်သည့် Android ဖုန်းအမျိုးအစားနှင့် မဆို ကြည့်ရှုနိုင်ပါသည်။

     

    Q.     မဟာမိုဘိုင်းမှ ဇာတ်ကားများကြည့်မည်ဆိုလျှင် MPT SIM Cardအသုံးမပြုထားသောဖုန်း၊ တက်ဘလက် (Tablet) တို့တွင် ကြည့်ရှုနိုင်ပါသလား။

    A.     MPT SIM Cardအသုံးမပြုထားလျှင် မဟာမိုဘိုင်းအပလီကေးရှင်းမှ Free ပေးထားသောဇာတ်ကားများကိုသာ ကြည့်ရှုနိုင်မှာဖြစ်ပြီး MPT SIM Cardအသုံးပြုထားမှသာလျှင် မဟာမိုဘိုင်းမှ မြန်မာဇာတ်ကားများအား ငှားရမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MPT SIM Card မဟုတ်သောအခြားမည်သည့် SIM Card များနှင့်မှ ငွေပေးချေမှု မရရှိနိုင်ပါ။

     

    Q.     မဟာမိုဘိုင်းမှ မြန်မာဇာတ်ကားများကို ဘယ်နေရာဒေသတွေက ကြည့်ရှုနိုင်ပါလဲ။ နိုင်ငံရပ်ခြားတွေမှာရော ကြည့်လို့ရပါလား။

    A.     မဟာမိုဘိုင်းမှ မြန်မာဇာတ်ကားများကိုအင်တာနက်ချိတ်ဆက်ထားသော မည်သည့်နေရာတွင်မဆို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

     

    Q.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) ကို download လုပ်ပြီး တစ်ခါတည်းဖွင့်ကြည့်လို့ရပြီလား ။ မည်သို့ဆက်လက်လုပ်ဆောင်ဖို့လိုအပ်ပါသလဲ။

    A.     မဟာမိုဘိုင်းအက်ပလီကေးရှင်း (Application) ကို download လုပ်ပြီး မိမိ၏ Email (သို့) Facebook (သို့) ဖုန်းနံပါတ် တစ်ခုခုဖြင့် log in ဝင်ရောက်ပြီး မဟာမိုဘိုင်းမှ မြန်မာဇာတ်ကားများအား ကြည့်ရှုနိုင်ပါပြီ။

     

    Q.     မဟာမိုဘိုင်း မှ မြန်မာဇာတ်ကားများကို ဝယ်ကြည့်ရမှာလား၊ ဘယ်လောက်ကုန်ကျမှာလဲ။

    A.     စတင်မိတ်ဆက်သည့်နေ့ ဇွန်လ ၂၇ ရက် ၂၀၁၈ မှ စ၍ ဇူလိုင်လ ၃၁ ရက် ၂၀၁၈အတွင်း ဇာတ်ကားတစ်ကားလျှင် ငှားရမ်းခ ၉၉ ကျပ်ဖြင့် ကြည့်ရှုနိုင်ပါသည်။ Discount ကာလကုန်ဆုံးပြီးနောက် မြန်မာဇာတ်ကားတစ်ကားလျှင် ၁၅၀ ကျပ်ဖြင့် ငှားရမ်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဌားရမ်းခ ဇာတ်ကားတန်ဖိုးကိုလည်း ဇာတ်ကားများ၏အောက်တွင်လည်း ထည့်သွင်းရေးသားထားပါသည်။ ငှားရန်းခ တန်ဖိုးများမှာ ကုန်သွယ်ခွန်ပါဝင်ပြီးဖြစ်ပါသည်။

     

    Q.     လစဉ်ကြေးပေးပြီးကြည့်လို့ရပါသလား၊

    A.     မရှိသေးပါ။

     

    Q.     ငှားရမ်းခပေးပြီးပါကအင်တာနက်ဖိုးထပ်မံပေးဆောင်ရန် လိုအပ်ပါသလား။

    A.     ငှားရမ်းပေးပြီးပါက ဇာတ်ကား download (သို့မဟုတ်) တိုက်ရိုက်ကြည့်ရှုရန်အတွက် သက်ဆိုင်ရာ မိမိအသုံးပြုနေသောအင်တာနက်အမျိုးအစားအလိုက် data ကောက်ခံငွေ ကျသင့်ပါမည်။

     

    Q.     မဟာမိုဘိုင်း တွင် language ပြောင်းလို့ရပါသလား

    A.     ရပါတယ်။ ပရိုဖိုင်ထဲတွင် မိမိအသုံးပြုလိုသော English / Myanmar ဘာသာအားအမှန်ခြစ် ရွေးပေးပါ။

     

    Q.     မဟာမိုဘိုင်းတွင် မိမိကြည့်လိုသောဇာတ်ကား (သို့) မင်းသား (သို့) မင်းသမီး မည်သို့ရှာဖွေရမလဲ။

    A.     myan glish စာဖြင့်သော်၎င်း ဇာတ်ကား၏အတိုကောက် စာဖြင့်သော်၎င်း ဇာတ်ကားအမည်အပြည့်အစုံဖြင့်သော်၎င်း ရှာဖွေနိုင်ပါသည်။ ဥပမာ: "အပိုင်ကွက်" ဆိုသည့်ဇာတ်ကားအား ("A Pine Kwat") ("အပက") ("အပိုင်ကွက်") စသဖြင့်ရှာဖွေနိုင်ပါသည်။

     

    Q.     video တစ်ကားကြည့်ဖို့ ဖုန်းရဲ့ free space ဘယ်လောက်အနည်းဆုံးချန်ထားရမလဲ။ video တစ်ကားရဲ့ ပျမ်းမျှဖိုင်ဆိုဒ် ဘယ်လောက်ရှိလဲ။

    A.     video တစ်ကားကြည့်ဖို့ ဖုန်းရဲ့ Free space 400MBအပိုရှိနေရန်လိုအပ်ပါသည်။ video ဇာတ်ကားတစ်ကားရဲ့ ပျမ်းမျှဖိုင်ဆိုဒ်အနည်းဆုံး 260 MB မှ ဆိုဒ်အများဆုံး 400 MB ထိ ( ပျမ်းမျှ 330 MB) ရှိနိုင်ပါသည်။

     

    Q.     3G / 4G မိုဘိုင်းအင်တာနက်နဲ့ ဒေါင်းလုပ်/ တိုက်ရိုက်ကြည့် တာမရဘူး

    A.     ပရိုဖိုင်- Profile ထဲတွင် ရှိသော ဝိုင်ဖိုင်ဖြင့်သာဒေါင်းလုပ်ဆွဲမည် ဆိုသောအမှန်ခြစ်အား ဖြုတ်ပေးရန်လိုအပ်ပါသည်။ (3G/4G Wi-Fiအားလုံးဖြင့် download ပြုလုပ်နိုင်မည်)

     

    Q.      ငှားရမ်းခ ပေးထားပြီး ဇာတ်ကားတွေကို ဘယ်နှစ်ရက်ကြည့်လို့ရမလဲ။

    A.       ငှားရမ်းခ ပေးထားပြီး ဇာတ်ကားတွေကို ၇ရက်အထိ ကြည့်ရှုနိုင်မှာပါ။

     

    Q.      ဒေါင်းလုတ်ပြုလုပ်ထားတဲ့ ဇာတ်ကားတွေကို ဘယ်နှစ်ရက်သိမ်းထားလို့ရမလဲ။

    A.       ဒေါင်းလုတ်ပြုလုပ်ထားတဲ့ ဇာတ်ကားတွေကို ၇ ရက်ထိသိမ်းထားနိုင်မှာဖြစ်ပါတယ်။

     

    Q.         App ကို Logout လုပ်ပြီး ပြန်ဝင်တဲ့အခါ ဒေါင်းလုပ်ပြုလုပ်ထားတဲ့ ဇာတ်ကားတွေ ပျောက်ကုန်တယ်။

    A.       ကျွန်တော်တို့ရဲ့ app စည်းကမ်းအရ app ကနေ logout လုပ်တာနဲ့ ဒေါင်းထားတာတွေကို ဖျက်လိုက်မှာပါ။ သို့ပေမယ့် ငှားရမ်းခပေးထားပြီး ၇ ရက်အတွင်းဖြစ်ပါက ငှားရမ်းခ ပြန်လည်ပေးဆောင်ရန်မလိုအပ်ပါ။ ဒေါင်းလုပ်ပြန်လုပ်ရင်တော့ သက်ဆိုင်ရာအင်တာနက် ဝန်ဆောင်မှုအမျိုးအစားအလိုက် Data ကောက်ခံငွေ ကျသင့်မည် ဖြစ်ပါသည်။

     

    Q.      မြန်မာကားပေါင်း ဘယ်နှစ်ကားလောက်ပါသလဲ။

    A.       ပထမအနေနဲ့ ဇာတ်ကားပေါင်း ၄၀၀ ခန့်ပါရှိပြီးအပါတ်စဉ်တိုင်း ဇာတ်ကားသစ်များစွာ ထပ်မံဖြည့်သွားမှာပါ

     

    Q.         ခေတ်ဟောင်းရုပ်ရှင်တွေရော ကြည့်လို့ရမှာလား။

    A.         ရပါလိမ့်မယ်

     

    Q.     အကယ်ဒမီဇာတ်ကားတွေကော ကြည့်နိုင်ပါသလား။

    A          ကြည့်နိုင်ပါမည်

     

    Q.      ဘယ်ဇာတ်လမ်းမဆို ရွေးချယ်ကြည့်လို့ရပါသလား။

    A.       App ထဲတွင် ပါဝင်သည့် ကြိုက်နှစ်သက်ရာ ဘယ်ဇာတ်လမ်းမဆိုကြည့်ရှုနိုင်ပါတယ်။

     

    Q.      ရုံတင်ဇာတ်ကားအသစ်တွေကိုရော ကြည့်လို့ရနိုင်မလား။

    A.       ကြည့်လို့ရပါတယ်

     

     

    Q.      MPTအနေနဲ့ ယခုနောက်ပိုင်းဘာကြောင့် App တွေအမြဲဖန်တီးနေတဲ့အပေါ် ရှင်းပြပေးပါ။

    A.       MPT သုံးစွဲသူတွေကို ယခုထက်ပိုမို စုံလင်အောင် ဘက်ပေါင်းစုံကနေ ကိုယ့်ရဲ့ သုံးစွဲသူတွေ ပျော်ရွှင်စွာအသုံးပြုနိုင်ဖို့အတွက် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

     

    Q.      ယခုလိုလုပ်ဆောင်ချက်တွေက ဈေးကွက်ယှဉ်ပြိုင်မှုတွေနဲ့ ပတ်သက်ပါသလား။

    A.       MPT က ကိုယ့်ရဲ့ Customer တွေကိုအမြဲအလေးပေးဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် customer တွေ လိုအပ်တဲ့ ဟာမျိုးဆိုရင် ကျွန်တော်တို့ကအမြဲတမ်းအက်ပလီကေးရှင်းအသစ်တွေနဲ့ ဖျော်ဖြေမှုရသတွေ ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိမှာလည်း ပြည်တွင်း ပြည်ပက လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီးတော့ ဆန်းသစ်တဲ့ ခံစားမှုရသတွေရရှိအောင် ဆောင်ရွက်နေပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှု ဆိုတာထက် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအပေါ်အကောင်းဆုံးတွေအမြဲပေးနိုင်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

     

    Q.      သရုပ်ဆောင်တွေရဲ့အကြောင်းတွေရော ဖော်ပြပေးသွားမှာလား။  

    A.      အခုလက်ရှိ မရသေးပါ

    Q.      မြန်မာကားတွေမှာ ဘယ်လိုဇာတ်လမ်းမျိုးတွေပါဝင်ပါသလဲ။

    1.  

    Q.      ဇာတ်လမ်းတွေကို ဘယ်လိုအရည်အသွေးနဲ့ ကြည့်နိုင်မှာလဲ။  

    A.       မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်တွေကနေ ကောင်းမွန်တဲ့အရည်အသွေးနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Streaming ကြည့်တဲ့အချိန်မှာ Low Quality, Medium and High Quality ဆိုပြီး ကြည့်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။

    Download

    480 MB – 270 MB  = 330 MB

    Streaming

    720 MB -480 MB= 900 MB

    480 MB -270 MB = 600 MB

    380 MB -120 MB = 400 MB

     

    Q.      Copy rightအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။

    A.       မူပိုင်ခွင့် ပြသခွင့်စာချုပ်ဖြင့် ရရှိထားသောဇာတ်ကားများဖြစ်ပါသည်။

     

    Q.      တခြားအော်ပရေတာတွေနဲ့လဲ လက်တွဲသွားဖို့ ရှိပါသလား။

    A.       MPT နှင့် သီးသန့်တစ်နှစ်စာချုပ်ချုပ်ဆိုထားပါသည်။

     

    Mahar Mobile Application

    FAQ

     

    Q.      What is Mahar mobile app?

    A.      Mahar mobile application is to watch and download Myanmar movies.

     

    Q.      What do I need to use Mahar mobile application?

    A.      To use Mahar app, you need an android smartphone or tablet and decent mobile internet or Wi-Fi connection.

     

    Q.      What kinds of movies can I watch on Mahar mobile application?

    A.      You can watch a large variety of Myanmar Movies and videos at Mahar mobile app.

     

    Q.      How can I watch Myanmar Movies from Mahar Mobile app?

    A.      You can watch movies directly via streaming or downloading directly via mobile app.

     

    Q.      Where can I get Mahar mobile application?

    A.      Please access Lotaya portal to download via this link http://mh.lotayamm.com/. You can download Mahar app via play store or via this link (https://play.google.com/store/apps/details?id=com.abccontent.mahartv)

    ((IOS) version will be released soon)

     

    Q.      Which version android do I need to use Mahar mobile application?

    A.      To use Mahar Mobile application you phone need to be android 5.0+.

     

    Q.      Can I watch or download movies from Mahar app without MPT SIM card?

    A.      Yes, you can use Mahar app with any SIM card that have internet access, but you will need MPT SIM card to purchase paid movies.

     

    Q.      Where can I use Mahar mobile app? Can I use it in oversea?

    A.      You can use Mahar app anywhere on the world if there is internet access.

     

    Q.      Can I watch Myanmar Movies from Mahar app directly Mahar app s downloaded?

    A.      After downloading Mahar app you need to Sign up with email or phone number / login with Facebook to use or watch Myanmar Movies from Mahar app.

     

    Q.      Do we need to buy movies in Mahar app? How much it cost?

    A.      It will be cost as the discount price 99 Ks per one movie within 27th Jun 2018 and 31st Jul 2018. After discount period, it will be cost 150 Ks per one movie as a rental fee for 7 days. Commercial tax is included in these price.

     

    Q.      Does Mahar app charge monthly fee?

    A.      No, Mahar app doesn’t charge monthly fee. (please take off)

     

    Q.      Do I need to pay internet charges even I paid the rental fee of a movie?

    A.      Internet charges will be applied depends on the data plan even already paid the rental fee of a movie.

     

    Q.      How to look for/ find actor (or) actress (or) favorite movie in Mahar mobile?

              A.      To use Myan-English words, abbreviation of movie title, and full name of movies. For example,

                            “A Pine Kwat” movie (“A Pine Kwat”) (“အပက”) (“အပိုင်ကွက်”).

     

    Q.      How much storage space need to download a movies?

                A.    You will need internal storage at least 500MB to download movies. The average of movie file size is 330 MB.

     

    Q.      Not to downloading//streaming with 3G/4G mobile internet?

    A.      You need to (✓) to remove with download and Wi-Fi in profile. (Can download 3G/4G WI-Fi)

     

    Q.      How long can I watch the movie after bought it?

    A.      You can watch the movie within 7 days.

     

    Q.         How long can I save the movie after I download it?

    A.      You can save the movie within 7 days.

     

    Q.         After logout, my downloaded movies will be deleted if I log in back?

    1. Our app delete all of data (movies) upon logout. However, if you are in within 7 days, you do not need to pay for the rental fee. You need to download or stream again but data will be charged again.

     

    Q.      How many Myanmar movies will be available in Mahar Mobile App?

    A.      First Launch with around 400 titles and weekly upload more.

     

    Q.      Are the academy-won movies also available?        

    A.      Yes

     

    Q.         Can we watch the films of yesteryears?

    A.        Yes

     

    Q.         Can we watch any movies of our choice?

    A.      Yes. You can watch any movie from the given list

     

    Q.      Can we watch the current new movies?

    A.       Yes, if available

     

    Q.         Why does MPT keep working on introducing new app?

    A.       We are introducing new apps to make our MPT users enjoy local content as much as possible. MPT aims to bring the entertainment to the door step.

     

    Q.      Are these activities related to the market competition?        

    A.      MPT always provide new apps and enjoyable entertainment to our valuable customers. Currently, we are cooperating with local and international companies to produce better content. It is more related to customer delight compared to competition in the market.

     

    Q.      Will the information of the actors and actress be available?        

    A.      Not Yet.

     

    Q.      What kinds of Myanmar Movies are available?        

    A.      Various categories like drama, comedy, thrillers and horrors movies are available.

     

    Q.         In which quality are the movies watched?

    A.      User can watch the movie with proper quality which can get better resolution for mobile phones and tablets. Please provide the resolution quality by Mahar Team.

    Download

    480MB – 270 MB  = 330 MB

    Streaming

    720 MB - 480 MB= 900 MB

    480 MB - 270 MB= 600 MB

    380 MB -120 MB= 400 MB

     

    Q.      How do you prepare for the copyright?

    A.   There is copyright for all of the movies which are included in the app.

     

    Q.      Any plan with other operator in the future?

    A.      Mahar App is exclusive for MPT users for one year.

     

    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ


    ဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းချက်များ


    မဟာမိုဘိုင်းအပလီကေးရှင်း သုံးစွဲမှုဆိုင်ရာအချက်အလက်များ

    နောက်ဆုံးတည်းဖြတ်ခြင်း - (၂၃)ရက်၊ မေလ၊ ၂၀၁၈ခုနှစ်

    မဟာမိုဘိုင်းအပလီကေးရှင်း သုံးစွဲမှုဆိုင်ရာအချက်အလက်များမှ ကြိုဆိုပါတယ်။ ဤအချက်အအလက်များ သည် လူကြီးမင်းနှင့် လူကြီးမင်းထံသို့ မဟာရုပ်ရှင်ငှားရမ်းဝန်ဆောင်မှုကိုပေးသော ABC Content Solutions ကုမ္ဗဏီလီမိတက်အကြား သတ်မှတ်ချက်များ ဖြစ်ပါသည်။ ဤအချက်အလက်များကို ကြိုတင်အသိပေးခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ (ပြဌာန်းထားသော ဥပဒေအရ လိုအပ်မှုမရှိလျှင်)အချိန်မရွေး ပြောင်းလဲ နိုင်ပါသည်။ လူကြီးမင်းနှင့် သက်ဆိုင်သော ပုဂ္ဂလိကလုံခြုံရေးအတွက် မဟာရုပ်ရှင်ငှားရမ်း ဝန်ဆောင်မှုနှင့် သက်ဆိုင်သောအချက်အလက်များ (သက်ဆိုင်သည့် စည်းမျဉ်းများဖြစ်စေ ကုန်ပစ္စည်းနှင့် စပ်ဆိုင်သည့် ဝက်ဘ်ဆိုဒ် စာမျက်နှာပေါ်တွင် ပြဌာန်းထားသောအသေးစိတ်အချက်အလက်များတွင် လည်းကောင်း မည်သည့်ကူညီမှုတွင်ဖြစ်စေ မဟာရုပ်ရှင်ငှားရမ်းဝန်ဆောင်မှုအကြောင်း ဖော်ပြထားသည့်အခြား ဝက်ဘ်ဆိုဒ် စာမျက်နှာများတွင်ဖြစ်စေ ပါဝင်စေရမည်) (သဘောတူညီချက်ဟုအကျုံးဝင်စေရမည်) ကို ကျေးဇူးပြု၍ ဖတ်ရှုပါ။ လူကြီးမင်း လာရောက်ခြင်း၊ ရှာဖွေကြည့်ရှုခြင်း ပြုလုပ်တိုင်းမှာဖြစ်စေ မဟာရုပ်ရှင်ငှားရမ်း ဝန်ဆောင်မှု ကို သုံးစွဲလျှင်ဖြစ်စေ ဤသဘောတူညီချက်ကို လက်ခံရမည်။

    ၁။ ဝန်ဆောင်မှု

    မဟာရုပ်ရှင်ငှားရမ်းမှု (ဝန်ဆောင်မှု) သည် ဒီဂျစ်တယ်ရုပ်ရှင်များ၊ ဒီဗီဒီများနှင့်အခြားဗီဒီယိုအစီအစဉ်များ (ဒီဂျစ်တယ်ရုပ်/သံများတွင်အကျုံးဝင်သော) နှင့် သဘောတူညီချက်တွင် ပါဝင်သော ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးပါသည်။ ဝန်ဆောင်မှုနှင့် ဒီဂျစ်တယ်ရုပ်/သံများကို ရယူနိုင်သည့် နည်းလမ်းများတွင်အပါအဝင် ဖြစ်သည့်အပလီကေးရှင်းမှဖြစ်စေ YouTube ချန်နယ်နှင့် သတ်မှတ်ချက်များဖြင့် ခွဲခြားထားသည့်အပလီကေးရှင်းတွင် ရရှိနိုင်သည့် ဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုဒ်များ (သို့မဟုတ်) ၎င်းဝန်ဆောင်မှုများကို လူကြီးမင်း သုံးစွဲနိုင်သည့် ပစ္စည်းများဖြစ်စေ ပါဝင်သည်။ လူကြီးမင်းသည်အသက်၁၃နှစ်အောက်ဖြစ်လျှင် (သို့မဟုတ်) လူကြီးမင်းနေထိုင်ရာ ဒေသ၏အသက်အရွယ်ကဏ္ဍအရေးပါမှုကြောင့် လူကြီးမင်းသည် ဝန်ဆောင်မှုကို မိဘ (သို့မဟုတ်)အုပ်ထိန်းသူနှင့်သာ သုံးစွဲခွင့်ရပါမည်။

    ၂။ တွဲဖက်အသုံးပြုရန်သင့်လျော်သည့် ကိရိယာများ

    ဒီဂျစ်တယ်ရုပ်/သံကို တိုက်ရိုက်ကြည့်ခြင်း (သို့မဟုတ်) ဒေါင်းလုတ်ပြုလုပ်ခြင်းအရ လူကြီးမင်းသည် စနစ်မှ လက်ခံသော မိုဘိုင်းဖုန်း (သို့မဟုတ်) တက်ဘလက်ကိုအသုံးပြုရန် လိုအပ်မည်ဖြစ်ပြီး သင်လျော်သည့် လိုအပ်ချက်များကိုအချိန်တိုင်းမှာ မိမိတို့မှ (သင့်လျော်သည့်ကိရိယာ) ဖော်ထုတ်ပေးနေမည်ဖြစ်သည်။အသုံးပြုနိုင်သည့်အချို့ကိရိယာများသည် ဒီဂျစ်တယ်ရုပ်/သံကို တိုက်ရိုက်သာကြည့်ရှုနိုင်ခဲ့ပြီးအချို့မှာ ဒီဂျစ်တယ် ရုပ်/သံများကို ဒေါင်းလုတ်သာလုပ်နိုင်လိမ့်သည်။အချို့မှာ တိုက်ရိုက်ရော ဒေါင်းလုတ်ပါ လုပ်နိုင်ခဲ့သည်။ မိမိတို့သည်အချိန်နှင့်အမျှ သင့်လျော်သည့်ကိရိယာအတွက်အချက်အလက်များကို ပြောင်းလဲနိုင်ပြီးအချို့သော ကိစ္စရပ်များတွင်မူ သင့်လျော်သောကိရိယာသည် ဆော့ဝဲလ်ပေါ်တွင်လည်းကောင်း ပါဝင်သောစနစ်အပေါ်တွင် လည်းကောင်း ကိရိယာထုတ်လုပ်သူ၏ ပြုပြင်မှုကြောင့်သော်လည်းကောင်းအခြားကဏ္ဍများကြောင့် သော်လည်းကောင်း မူတည်နိုင်သည်။ ဖော်ပြပါအချက်များအရ ယခု သင့်လျော်နေသည့် ကိရိယာများသည်အနာဂတ်တွင် သင့်လျော်နေမှုမှ ရပ်စဲသွားနိုင်သည်။

    ၃။ ဒေသအလိုက် ပြောင်းလဲနိုင်မှု

    အစီအစဉ်ထုတ်လုပ်တင်ဆက်သူများ၏ နည်းပညာနှင့် ကန့်သတ်ချက်များအရ ဝန်ဆောင်မှုသည် သတ်မှတ် ထားသော နေရာ ဒေသများတွင်သာ ရရှိပါမည်။ ဒီဂျစ်တယ်ရုပ်/သံ (စာတန်းထိုးထားခြင်းနှင့်အသံသွင်း ထားသည့် ဒီဂျစ်တယ်ရုပ်/သံ) နှင့် မိမိတို့ ကမ်းလှမ်းသော ဒီဂျစ်တယ်ရုပ်/သံသည်အချိန်နှင့်နေရာဒေသအလိုက် ကွဲပြားမှုရှိပါမည်။ မဟာမှ နည်းပညာများကိုအသုံးပြုပြီး လူကြီးမင်း၏ တည်နေရာဒေသကို သတ်မှတ်ပါမည်။ လူကြီးမင်းသည် မည်သည့်နည်းပညာ (သို့မဟုတ်) နည်းလမ်းနှင့်မျှ လူကြီးမင်း၏ တည်နေရာကို ဖုံးကွယ်ခြင်း (သို့မဟုတ်)အသွင်ပြောင်းခြင်း မပြုလုပ်နိုင်ပါ။

    ၄။ ဒီဂျစ်တယ်ရုပ်/သံ

    က။ ယေဘူယျသဘော။ ဝန်ဆောင်မှုသည် ဖော်ပြပါအချက်များအား လူကြီးမင်းကို ခွင့်ပြုပါသည်။ (၁)အခ ပေးထားသော ကာလအတွင်း ကြည့်ရှုခွင့်ပြုထားသည့် ကာလအတွင်း (အခပေးကာလ ဒီဂျစ်တယ်ရုပ်/သံ)  ဒီဂျစ်တယ်ရုပ်/သံများကိုအသုံးပြုနိုင်သည်၊ (၂) ခွင့်ပြုထားသောအချိန်ကာလအတွင်း ဒီဂျစ်တယ်ရုပ်/သံကို နှစ်သက်ရာ ငှားရမ်းခွင့်ပြုခြင်း နှင့်/သို့မဟုတ် (၃) ဒီဂျစ်တယ်ရုပ်/သံကိုအခမဲ့အသုံးပြုနိုင်ခြင်း၊ ကြော်ငြာ ထည့်သွင်းထားခြင်း သို့မဟုတ်အထူးအစီအစဉ်အနေဖြင့် ကာလအကန့်အသတ်အတွင်း (အခမဲ့ ဒီဂျစ်တယ် ရုပ်/သံ)။ ဒီဂျစ်တယ်ရုပ်/သံများသည်အခပေးကာလ ဒီဂျစ်တယ်ရုပ်/သံ၊ ဒီဂျစ်တယ်ရုပ်/သံ ငှားရမ်းမှု၊အခမဲ့ ဒီဂျစ်တယ်ရုပ်/သံ သို့မဟုတ် ထိုအရာများတွင် တစ်စုံတစ်ရာပေါင်းထည့်ထားခြင်းများ ဖြစ်နိုင်ပြီးအချက်တိုင်းတွင်အောက်ပါအတိုင်း လိုင်စင်ကန့်သတ်ချက်များ ရှိမည်။

    ခ။အသုံးချခြင်းစည်းကမ်းများ။ လူကြီးမင်း၏ ဒီဂျစ်တယ်ရုပ်/သံအသုံးပြုမှုသည် မဟာအပလီကေးရှင်းအသုံးချခြင်းစည်းကမ်းများ (အသုံးချခြင်းစည်းကမ်းများ)အတိုင်း ဖြစ်စေရပါမည်။အသုံးချခြင်းစည်းကမ်းများမှအရေးကြီးအချက်အလက်၊ ဒီဂျစ်တယ်ရုပ်/သံ ကွဲပြားမှုအရ လူကြီးမင်း ကြည့်ရှုခွင့်ကာလ ပါဝင်မှု (ကြည့်ရှုခွင့် ကာလ)နှင့် တိုက်ရိုက်ကြည့်ရှုထားသော ကြည့်ရှုခဲ့သော ဒေါင်းလုတ်လုပ်ထားသော ဒီဂျစ်တယ်ရုပ်/သံအမျိုးအစားတစ်မျိုးချင်းစီအပေါ်မှုတည်ပြီး ကန့်သတ်ထားသောအရေအတွက်နှင့် တွဲဖက်အသုံးပြုရန် သင့်လျော်သည့်ကိရိယာများ ဖော်ပြပေးမည်။

    ဂ။   လစဉ်ကြေး။        လစဉ်ကြေးပေးသွင်း၍   ကြည့်ရှုရသော ဝန်ဆောင်မှုတွင် ပါဝင်သော ကမ်းလှမ်းချက်များဈေးနှုန်းများ၊ ဝန်ဆောင်မှုများ၊ ရုပ်ရှင်ဇာတ်ကားများသည် ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့ ပြောင်းလဲမှုများရှိခဲ့ပါက ပြောင်းလဲမှုအချိန်ကို သီးသန့်ဖော်ပြထားခြင်းမရှိပါလျှင် ယခု ပေးသွင်းထားသောလစဉ်ကြေး၏ သက်တမ်းကုန်ဆုံးသည့်အချိန်မှစ၍သက်ရောက်မှုရှိမည်ဖြစ်ပါသည်။ ထိုပြောင်းလဲမှုပေါ်တွင်အဆင်မပြေမှုများရှိပါကအပိုဒ် (၄/ဃ) ပါအတိုင်း လစဉ်ကြေးပေးသွင်းမှုကို ပယ်ဖျယ်နိုင်ပါသည်။ ပေးသွင်းရသောလစဉ်ကြေးတွင် ကုန်သွယ်ခွန်များ ပါဝင်ပြီး ဖြစ်ပါသည်။

    ဃ။ လစဉ်ကြေးဖျက်သိမ်းမှု။     လစဉ်ကြေးပေးသွင်းမှုကို မိမိ၏အကောင့်အတွင်းမှသော်လည်းကောင်း၊အကောင့်အတွင်းရှိ ပြင်ဆင်ရန်နေရာမှသော်လည်းကောင်း၊ မဟာ customer service ကို ဆက်သွယ်၍ လည်းကောင်းအချိန်မရွေးဖျက်သိမ်းနိုင်ပါသည်။ ထိုသို့ ဖျက်သိမ်းခြင်းဖြင့် လက်ရှိရှိနေသော ဝန်ဆောင်မှုကို ပြီးဆုံးသည်အထိ သုံးစွဲနိုင်မည် ဖြစ်ပြီး ပြန်အမ်းငွေရရှိမည် မဟုတ်ပါ။

    င။ ငွေပေးချေနည်းလမ်းများ။အကယ်၍ လူကြီးမင်း၏ သတ်မှတ်ထားသော ငွေပေးချေမှုပုံစံကို မိမိတို့မှ မဆောင်ရွက်နိုင်လျှင် မိမိတို့တွင်ရှိသော မည်သည့်ငွေပေးချေမှုနည်းလမ်းနှင့်မဆို လူကြီးမင်းအပေါ် စီမံခွင့်ရှိမည်။

    စ။ ကန့်သတ်ထားသောဒီဂျစ်တယ်ရုပ်/သံလိုင်စင်။ ငှားရမ်းခပေးချေထားမှုအရ သို့မဟုတ် ဒီဂျစ်တယ်ရုပ်/သံကိုအသုံးပြုခြင်းနှင့် ယခုသဘောတူညီချက်အားလုံးကို လိုက်နာမှုအရ မဟာမှ လူကြီးမင်းကို တစ်ဦးတည်းပိုင်ဆိုင်မှု မဟုတ်သော၊ ကူးပြောင်းခွင့်မရှိသော၊ လိုင်စင်ထပ်မံမပြုလုပ်နိုင်သော၊ ကန့်သတ်လိုင်စင်ဖြစ်သော၊ ကြည့်ရှုခွင့် ကာလသတ်မှတ်ချက်ဖြစ်သော၊အသုံးချခြင်းစည်းကမ်းများအရ ဒီဂျစ်တယ်ရုပ်/သံကို ကြည့်ရှုနိုင်သော၊ တစ်ကိုယ်ရည်အတွက်သာ၊ စီးပွားဖြစ်မဟုတ်သော၊ ပုဂ္ဂလိကအသုံးပြုမှုအတွက် ခွင့်ပြုပါသည်။ ကြည့်ရှုခွင့်ကာလ ကုန်ဆုံးပါက မိမိတို့မှ လူကြီးမင်း၏ တွဲဖက်အသုံးပြုနေသည့်ကိရိယာမှ ဒီဂျစ်တယ်ရုပ်/သံကိုအလိုအလျောက် ဖယ်ရှားပါလိမ့်မည်။

    ဆ။ ဒေါင်းလုတ်ပြုလုပ်ခြင်းနှင့်ဆုံးရှုံးမှုအန္တရာယ်။ လူကြီးမင်းကြည့်ရှုရန်ဒီဂျစ်တယ်ရုပ်/သံကိုငှားရမ်းထားပါက မိမိတို့မှအချိန်မလင့်ခင် ငှားရမ်းပြီးသည်နှင့်အသုံးပြုရန် တိုက်တွန်းပါသည်။ လူကြီးမင်းအနေဖြင့် ဒေါင်း၍မရခဲ့ပါက မဟာ၏ ဝန်ဆောင်မှုငှာနကို ဆက်သွယ်ပေးပါ။ ဒီဂျစ်တယ်ရုပ်/သံကို လူကြီးမင်း ငှားရမ်း လိုက်သည်နှင့် မိမိတို့မှ လူကြီးမင်းအတွက်အဆင်သင့်ဖြစ်စေရန် စီစဉ်ပေးပြီး လူကြီးမင်းအနေဖြင့် ဆုံးရှုံးမှုမရှိစေရန် ဒေါင်းလုတ်ကို ပြီးဆုံးသည်အထိ ပြုလုပ်ထားပါရန် တာဝန်ရှိပါသည်။

    ဇ။ ရုပ်/သံအရည်အသွေး/တိုက်ရိုက်ကြည့်ရှုမှု။ ပြသသည့်ရုပ်/သံအရည်အသွေးနှင့် လူကြီးမင်း လက်ခံရရှိသော ရုပ်/သံအရည်အသွေးသည်အကြောင်းအရင်းများစွာအပေါ်တွင် မူတည်ပါပြီး လူကြီးမင်းအသုံးပြု၍ ဒီဂျစ်တယ် ရုပ်/သံကို ရယူနေသည့် တွဲဖက်ကိရိယာနှင့် လူကြီးမင်း၏အင်တာနက်လိုင်းအရည်အသွေး စသည်တို့က လူကြီးမင်း၏ ကြည့်ရှုနေခြင်းအတွက်အရည်အသွေးကောင်းခြင်း၊ ညံ့ခြင်းတို့ကို ဖြစ်စေပါသည်။ လူကြီးမင်း တိုက်ရိုက်ကြည့်ရှုနေသော ဒီဂျစ်တယ်ရုပ်/သံကိုအနှောင့်အယှက်ဝင်ခြင်း သို့မဟုတ်အင်တာနက်လိုင်း မလုံလောက်ပါက မိမိတို့မှ ကြည့်ရှုနေမှု မရပ်တန့်စေရန်အတွက် ရုပ်/သံအရည်အသွေးကို လျှော့ချရမည် ဖြစ်ပါသည်။ မိမိတို့မှ လူကြီးမင်းအတွက်အရည်အသွေးအကောင်းဆုံးကို ဝန်ဆောင်ပေးနေစဉ် လူကြီးမင်းအနေဖြင့် ဝန်ဆောင်ခထပ်မံပေး၍ ပုံမှန်၊အလယ်အလတ်၊အဆင့်မြင့်အရည်အသွေးများကို ဝယ်ယူထားလျှင်တောင် တိုက်ရိုက်ကြည့်ရှုနေစဉ် ရုပ်/သံအရည်အသွေးကို မိမိတို့မှအာမခံချက် မပေးနိုင်ပါ။

    ဈ။ ယေဘူယျကန့်သတ်ချက်များ။ လူကြီးမင်းသည်အောက်ဖော်ပြပါအချက်များကို မလုပ်ရပါ။ (၁) ကူးယူခြင်း သို့မဟုတ် ပြသခြင်း၊ သဘောတူညီချက်တွင် ခွင့်ပြုထားခဲ့သည်မှလွဲ၍ (၂) ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ထုတ်လွှင့်ခြင်း (၃) မည်သည့်အသိပေးချက်ကိုမဆိုထုတ်နှုတ်ခြင်း သို့မဟုတ် ဒီဂျ်းတယ်ရုပ်/သံအပေါ်တွင်အမှတ်တံဆိပ် ထည့်သွင်းခြင်း (၄) ဖျက်ဆီးရန်၊ ပြုပြင်ရန်၊ နစ်နာစေရန် ရည်ရွယ်၍ သို့မဟုတ် ထို့သို့မဟုတ်ဘဲ ဒီဂျစ်တယ် မူပိုင်ခွင့်ကို ချိုးဖောက်ရန် သို့မဟုတ်အခြား ကာကွယ်မှုစနစ်ကို ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးချခြင်း သို့မဟုတ် (၅) စီးပွားရေးအလို့ငှာ သို့မဟုတ် တရားမဝင်သော ကိစ္စရပ်များအတွက် ဝန်ဆောင်မှုကိုအသုံးချခြင်း။

    ၅။ နောက်ဆက်တွဲအချက်အလက်များ

    က။ ရပ်ဆိုင်းခြင်း။ မိမိတို့သည် လူကြီးမင်းကို ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုတစ်စိတ်တစ်ပိုင်းကို မိမိတို့ သဘောဆန္ဒအလျောက် သတိပေးခြင်းမရှိဘဲ (ဥပဒေအရလိုအပ်မှုမရှိလျှင်) ရပ်ဆိုင်းနိုင်သည်။ ထိုသို့ဖြစ်ခဲ့ပါက သတ်မှတ်ထားသော ငွေကြေးကို (ပေးရန်ရှိပါက) ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ ယခု သဘောတူညီချက်ပါ စည်းကမ်းများကို လူကြီးမင်းသည် ချိုးဖောက်ခဲ့ပါက ကြိုတင်အသိပေးရန်မလိုဘဲ ရပ်ဆိုင်းနိုင်ပြီး ဒီဂျစ်တယ်ရုပ်/သံအသုံးပြုမှုအတွက် ငွေကြေးပြန်လည်ပေးအပ်မည် မဟုတ်ပါ။ ထိုကဲ့သို့အခြေအနေတွင် လူကြီးမင်းဒေါင်းလုတ်ပြုလုပ်ထားသော ရုပ်/သံများကို ဖျက်ပစ်မည်ဖြစ်သည်။

    ခ။ ဆက်စပ်သောအကြောင်းအရာ။ ဝန်ဆောင်မှုကိုအသုံးပြုရာတွင် ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိသော ဘာသာစကားနှင့် ပါဝင်မှုများကြောင့် ကြမ်းတမ်းသော၊ ညစ်ညမ်းသော သို့မဟုတ် ကန့်ကွက်လိုသော ပါဝင်မှုများ လူကြီးမင်းအနေဖြင့် တွေ့နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမှု လူကြီးမင်းသည် ဝန်ဆောင်မှုကိုအသုံးပြုရန် သဘောတူညီထားပြီးဖြစ်၍ မဟာအနေဖြင့် မည်သည့်ရုပ်/သံအပေါ်တွင်မှ တာဝန်ရှိမနေပါ။ ရုပ်/သံအမျိုးအစား၊ ဇာတ်လမ်းအမျိုးအစားနှင့် ဇာတ်လမ်းအကျဉ်းများသည်အဆင်ပြေလွယ်ကူစေရန်သာ ဆောင်ရွက်ပေးထားပြီး ၎င်းတို့၏ တိကျသေချာမှုကို မဟာအနေဖြင့် တာဝန်မယူနိုင်ပါ။

    ဂ။ ဆက်သွယ်မှုများ။ မိမိတို့မှ လူကြီးမင်းထံသို့အီလက်ထရောနစ်စနစ်ဖြင့်အထူးအစီအစဉ်များ သို့မဟုတ်အခြားဆက်သွယ်မှုများပို့နိုင်ကာ ၎င်းတွင်အီးမေးလ် သို့မဟုတ်အကြောင်းကြားချက် ပါဝင်နိုင်ကာ လူကြီးမင်းအနေဖြင့် ထိုအချက်များကို လက်ခံနိုင်ရမည်။

    ဃ။ ဝန်ဆောင်မှုကိုမွမ်းမံခြင်း။ မဟာအနေဖြင့် လိုအပ်ချိန်တွင် ကြိုတင်အသိပေးရန်မလိုဘဲ (ဥပဒေအရ လိုအပ်မှုမရှိလျှင်) ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုတစ်စိတ်တစ်ဒေသကို မွမ်းမံခြင်း၊ ရပ်ဆိုင်းခြင်း သို့မဟုတ် ဆက်လက်ဝန်ဆောင်မှုမပေးခြင်း တို့ကိုပြုလုပ်နိုင်ပြီး ထိုသို့ပြုလုပ်မှုကြောင့် လူကြီးမင်းကို တစ်စုံတစ်ရာ ထိခိုက်မှုရှိခဲ့လျှင်တောင် မဟာအနေဖြင့် ဒီဂျစ်တယ်ရုပ်/သံအသုံးပြုမှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။

    င။ ပြင်ဆင်ချက်များ။ မဟာအနေဖြင့် ဝန်ဆောင်မှုနှင့်ပတ်သက်သောအချက်အလက်များကို ပြောင်းလဲပိုင်ခွင့် ရှိသည်။ ဥပဒေကြောင်းအရခွင့်ပြုထားသဖြင့် ဝန်ဆောင်မှုကို လူကြီးမင်း ဆက်လက်အသုံးပြုနေခြင်းသည် ပြောင်းလဲမှုများကို လက်ခံသည်ဟု မှတ်ယူနိုင်ပါမည်။

    စ။ မူပိုင်ခွင့်၊ ဆုံးရှုံးမှု။ ဝန်ဆောင်မှု၊ ဆော့ဝဲလ်နှင့် ဒီဂျစ်တယ်ရုပ်/သံတွင်ပါဝင်သော ဉာဏဆိုင်ရာ မူပိုင်ခွင့်များကို ဥပဒေအရအကာအကွယ်ပေးထားပါသည်။ ဒီဂျစ်တယ်ရုပ်/သံ၏ ဉာဏဆိုင်ရာမူပိုင်ခွင့်ရှိသူသည် ပြင်ပအကျိုးခံစားခွင့်ရှိသူအဖြစ် သဘောတူညီချက်အရ သတ်မှတ်ထားသည်။ မိမိတို့၏ သဘောတူညီချက်အရအတင်းအကြပ်တောင်းဆိုမှုများအပေါ် လိုက်လျောရန်ပျက်ကွက်မှုသည် မိမိတို့၏ မှုပိုင်ခွင့် ဆုံးရှုံးမှုကို မဖြစ်စေရပါ။

    ဆ။အငြင်းပွားမှု/ သုံးစွဲခြင်းဆိုင်ရာအခြေအနေများ။ ဤသဘောတူညီချက်နှင့်စပ်လျဉ်း၍အငြင်းပွားမှု သို့မဟုတ် ကန့်ကွက်မှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ပြဌာန်းထားသော ဥပဒေ၊ ကန့်ကွက်မှုအာမခံခြင်းနှင့် တာဝန်ရှိမှုကန့်သတ်ချက်၊အခြားခုံရုံးတင်စစ်ဆေးခြင်းနှင့် မဟာ၏ သုံးစွဲမှုဆိုင်ရာအချက်အလက်များတွင် ပါဝင်မှုအတိုင်း ဖြစ်စေရမည်။ လူကြီးမင်းးသည် ၎င်းအချက်အလက်များကို သဘောတူသဖြင့် ဝန်ဆောင်မှုကိုအသုံးပြုခြင်းဖြစ်သည်။ လူကြီးမင်းသည် စားသုံးသူအခွင့်အရေးကာကွယ်မှုနှင့် ဒေသတွင်းစီရင်ဆုံးဖြတ်မှုများကို ခံစားခွင့်ရစေရမည်။

    ဇ။ ဆက်သွယ်ရန်။ ဤသဘောတူညီမှုအတွက် မဟာသို့ ဆက်သွယ်လိုပါက info@mahar.app သို့ ဆက်သွယ်နိုင်ပါသည်။

    ဈ။ စာကြွင်း။ ဤအချက်အလက်များတွင်ပါရှိသော စည်းကမ်းသတ်မှတ်ချက် သို့မဟုတ်အခြေအနေတစ်ခုက မခိုင်မာသဖြင့် ပယ်ဖျက်ပြီးအသက်မဝင်ဟု သတ်မှတ်ပါက ၎င်းအပိုင်းကိုသာအကြွင်းမဲ့ဖြစ်စေသည်ဟု သတ်မှတ်ပြီး ကျန်ရှိသော စည်းကမ်းသတ်မှတ်ချက်များကို ထိခိုက်စေမည်မဟုတ်ပါ။

     

    Mahar Movies App Terms of Use

    Last Updated: May 23, 2018

    Welcome to the terms of use for Mahar Movies App. These terms are between you and the entity providing the Mahar Movie Rental service to you, ABC Content Solutions Company Limited. This terms of use may change from time to time, with or without prior notice (unless required by applicable law). Please read these terms, along with the Privacy Policy applicable to you, and all other rules and policies related to the Mahar Movie Rental service (including, but not limited to, any rules or usage provisions specified on any product detail page or on any help or other informational page for the Mahar Movie Rental service) (collectively, this "Agreement"). Each time you visit, browse, or use the Mahar Movie Rental service, you accept this Agreement.

    1. THE SERVICE

    Mahar Movie Rental (the "Service") offers digital movies and other movie content (collectively, "Digital Content") and other services as provided in this Agreement. There are several ways to access the Service and Digital Content, including through App, Youtube Channel and any other services governed by separate terms made available in the apps, websites or devices you use to access those services. If you are under 13 years of age, or the age of majority in your location, you may use the Service only with involvement of a parent or guardian.

    2. COMPATIBLE DEVICES

    In order to stream or download Digital Content, you will need to use mobile phone or tablet that meets the system and compatibility requirements that we establish from time to time (a "Compatible Device"). Some Compatible Devices may be used only to stream Digital Content, some may be used only to download Digital Content, and some may be used to stream and download Digital Content. We may change the requirements for Compatible Devices from time to time and, in some cases, whether a device is (or remains) a Compatible Device may depend on software or systems provided or maintained by the device manufacturer or other third parties. Accordingly, devices that are Compatible Devices at one time may cease to be Compatible Devices in the future. The Mahar entity that provides you the Mahar Movie mobile app may be different than the Mahar entity that provides you the Service.

    3. GEOGRAPHIC VARIABILITY

    Due to technical and other restrictions imposed by content providers, the Service is available only in certain locations. We offer Digital Content to you will vary over time and by location. Mahar will use technologies to verify your geographic location. You may not use any technology or technique to obscure or disguise your location.

    4. DIGITAL CONTENT

    a. General. The Service may allow you to: (i) access Digital Content on a subscription basis for viewing during a limited period of time during a subscription period ("Subscription Digital Content"), (ii) rent Digital Content for on-demand viewing over a limited period of time ("Rental Digital Content"), (iii) purchase Digital Content for on-demand viewing over an indefinite period of time ("Purchased Digital Content"), (iv) purchase Digital Content for pay-per-view viewing over a limited period of time (“PPV Digital Content”), and/or (v) access Digital Content on a free, ad-supported or promotional basis for viewing over a limited period of time ("Free Digital Content"). Digital Content may be available as Subscription Digital Content, Rental Digital Content, Purchased Digital Content, PPV Digital Content, Free Digital Content, or any combination of those, and in each case is subject to the limited license grant below.

    b. Usage Rules. Your use of Digital Content is subject to the Mahar Movies Mobile App Usage Rules (the "Usage Rules"). The Usage Rules provide important information, including the time period during which you are authorized to view different types of Digital Content (the “Viewing Period”) and limitations on the number and type of Compatible Devices on which each type of Digital Content may be downloaded, streamed, and viewed.

    c. Subscriptions. Offers and pricing for subscriptions, the subscription services, the extent of available Subscription Digital Content, and the specific titles available through subscription services, may change over time. Unless otherwise indicated, any price changes are effective as of the beginning of the next subscription period. If you do not agree to a subscription change, you may cancel your subscription per Section 4(d) below. The pricing for subscriptions may include VAT and/or other taxes.

    d. Cancellation of Subscriptions. You may cancel subscription service any time by visiting Your Account and adjusting your membership settings, by contacting Mahar customer service. Cancellation will not refund the amount you have paid previously and you are eligible to enjoy the existing subscription period until it is expired.

    e. Payment Methods. If we are unable to process your payment using your designated payment method, we reserve the right to charge any payment method we have on file for you.

    f. Limited License to Digital Content. Subject to payment of any charges to rent, or access Digital Content, and your compliance with all terms of this Agreement, Mahar grants you a non-exclusive, non-transferable, non-sublicensable, limited license, during the applicable Viewing Period, to access and view the Digital Content in accordance with the Usage Rules, for personal, non-commercial, private use. We may automatically remove Digital Content from your Compatible Device after the end of its Viewing Period.

    g. Downloading and Risk of Loss. If you plan to download Digital Content that you rent for on-demand viewing, we encourage you to do so promptly after your rental. If you are unable to complete a download after having reviewed our online help resources, please contact Mahar customer service. Once you rent such Digital Content and we make the Digital Content available to you, you are responsible for completing the download, if you choose to download, and for all risk of loss of the Digital Content.

    h. Playback Quality; Streaming. The playback resolution and quality of the Digital Content you receive will depend on a number of factors, including the type of Compatible Device on which you are accessing the Digital Content and your bandwidth, which may increase or decrease over the course of your viewing. If we detect that Digital Content we are streaming to you may be interrupted or may otherwise not play properly due to bandwidth constraints or other factors, we may decrease the resolution and file size of the streamed Digital Content in an effort to provide an uninterrupted viewing experience. While we strive to provide you a high quality viewing experience, we make no guarantee as to the resolution or quality of the Digital Content you will receive when streaming, even if you have paid extra for access to standard definition, medium definition and high definition.

    i. General Restrictions. You may not (i) transfer, copy or display the Digital Content, except as permitted in this Agreement; (ii) sell, rent, lease, distribute, or broadcast any right to the Digital Content; (iii) remove any proprietary notices or labels on the Digital Content; (iv) attempt to disable, bypass, modify, defeat, or otherwise circumvent any digital rights management or other content protection system used as part of the Service; or (v) use the Service or Digital Content for any commercial or illegal purpose.

    5. ADDITIONAL TERMS

    a. Termination. We may terminate your access to the Service or any part of the Service, at our discretion without notice (except as may be required by applicable law). If we do so, we will give you a pro-rated refund of your payment (if any); however, if you violate any of the terms of this Agreement, your rights under this Agreement will automatically terminate without notice, and Mahar may, in its discretion, immediately revoke your access to the Service and to Digital Content without refund of any payment. In such event, you must delete all copies of Digital Content that you have downloaded.

    b. Explicit Content. By using the Service, you may encounter content that may be offensive, indecent or objectionable; this content may or may not be identified as having explicit language or other attributes. Nevertheless, you agree to use the Service at your sole risk, and Mahar has no liability to you for any content. Content types, genres, categories, and descriptions are provided for convenience, and Mahar does not guarantee their accuracy.

    c. Communications. We may send you promotions or otherwise communicate with you electronically, which may include e-mail or push notification and you hereby consent to receive those communications.

    d. Modification of Service. Mahar reserves the right to modify, suspend, or discontinue the Service, or any part of the Service, at any time and without notice (except as required by applicable law), and Mahar will not be liable to you should it exercise such rights, even if your ability to use Digital Content is impacted by the change.

    e. Amendments. Mahar reserves the right to make changes to this Agreement at any time by posting the revised terms in connection with the Service. To the maximum extent permitted by law, your continued use of the Service or Software following any changes will constitute your acceptance of such changes.

    f. Reservation of Rights; Waiver. The Service, Software and the Digital Content embody intellectual property that is protected by law. Copyright owners of Digital Content are intended third-party beneficiaries under the Agreement. Our failure to insist upon or enforce your strict compliance with the Agreement will not constitute a waiver of any of our rights.

    g. Disputes/Conditions of Use. Any dispute or claim arising from or relating to this Agreement or the Service is subject to the governing law, disclaimer of warranties and limitation of liability, any binding arbitration, and all other terms in the Mahar Conditions of Use. You agree to those terms by using the Service. YOU MAY ALSO BE ENTITLED TO CERTAIN CONSUMER PROTECTION RIGHTS UNDER THE LAWS OF YOUR LOCAL JURISDICTION.

    i. Contact Information. For communications concerning this Agreement, please write to Mahar info@mahar.app

    j. Severability. If any term or condition of this Agreement is deemed invalid, void, or for any reason unenforceable, that part will be deemed severable and will not affect the validity and enforceability of any remaining term or condition.

     

Some text some message..